ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံး၌ ယနေ့ မေလ ၃၁ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ များရှိကြောင်း သိရသည်။
.
ဗုံးပေါက်ကွဲမှုကြောင့် ရုံး အဆောက်အဦ ခေါင်မိုးများ ပျက်ဆီးခဲ့ပြီး ပညာရေးဝန်ထမ်း ၂ ဦး အပြင်းအထန် ဒဏ်ရာ (စိုးရိမ်ရ) များ ရရှိခဲ့သည့်အပြင် အခြား ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ [ ဖြည့်စွက်ချက် - ပညာရေးဝန်ထမ်း ၈ ဦး ဒဏ်ရာ ရရှိ၍ ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ ]
.
လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့အာဏာသိမ်း စစ်ကောင်စီတပ်များ ရောက်ရှိ စစ်ဆေးနေပြီး မြို့တွင်း၌ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကာ ဒဏ်ရာ ရသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
အဆိုပါ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။