KNU - ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာရှိ အင်းနက်အထက်ကျောင်း ဘုန်းကြီးကျောင်းရှေ့သို့ စစ်ကောင်စီတပ်က မေလ ၁၀ ရက်၊ ညနေပိုင်းတွင် ရုန်းဖြင့် (၆၀) မမ ပစ်ချမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး ပြင်းထန် ဒဏ်ရာများ ရခဲ့သည်ဟု သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီ၏ ခမရ(၃၄၉)သည် အင်းနက်အထက်ကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ဒရုန်းဖြင့် (၆၀)မမ တလုံးကို ပစ်ချခဲ့သည်။ ယင်းပစ်ချမှုတွင် ကိုဝင်းနိုင်၊ မသန္ဒာဝင်းတို့၏ သမီး အသက် ၈ နှစ်အရွယ် မထက်ထက်စံကို ထိမှန်ခဲ့သည်ဟု KNU က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
မထက်ထက်စံ၏ ဘယ်ဘက်ရင်အုံမှ ကျောဘက်သို့ ပေါက်ထွက်ပြီး အဆုပ်ကို ထိခိုက်ခဲ့ခြင်း ဖြစ်ပြီး KNU က ရှေးဦး ကုသမှု ပေးပြီးနောက် မိဘများက ကိုယ်တိုင် ကုသပေးမည်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။