ရန်ကုန်မြို့ တစ်နေရာ၌ လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် ယနေ့ မေလ ၁၃ ရက်တွင် " The Full meaning of Survival / We will only get it from Revolution " စာတန်းအား ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကို ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန်မြို့နယ်သပိတ်ကော်မတီ၊ ဗိုလ်တထောင်ပုဇွန်တောင် လူငယ်များသပိတ်ကော်မတီ၊ တာမွေမြို့နယ်သပိတ်ကော်မတီ၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ အလုံမြို့နယ်သပိတ်ကော်မတီ၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်း သားများသမဂ္ဂ(ဗကသ)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ)၊ လူဘောင်သစ်လူငယ်များနှင့် မြို့နယ်လူငယ်များ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။