ကျောင်းသားနှင့် ပြည်သူများ စုပေါင်း ပါဝင်သည့် ကလေးမြိုသပိတ်စစ်ကြောင်းသည် ကလေးမြို့၌ နယ်မြေ မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း အခက်အခဲများကြားမှ ယနေ့ မေလ ၂၉ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ် စစ်ကြောင်းသည် "ပြာပုံမှသည် ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်"
၊ "ကြွေသူတွေကို အမှတ်ရလျှက် တော်လှန်ခရီး တို့ရှေ့ဆက်" စာတန်းများကို ကိုင်ဆောင်ပြီး
စစ်အာဏာရှင်စနစ်အား အလိုမရှိကြောင်း ကြွေးကြော်၍ ရက်ပေါင်း ၄၇၆ မြောက်အဖြစ် ဆန္ဒပြ
သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။