ဟိုပန်ခရိုင် ရဲမှူးကို အရေးယူ‌ပေးရန် လက်အောက်ခံ ရဲများက တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဟိုပန်ခရိုင် ရဲမှူးကို အရေးယူ‌ပေးရန် လက်အောက်ခံ ရဲများက တိုင်ကြား


ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူးကို အရေးယူပေးရန် ဟိုပန် ခရိုင် ရဲတပ်ဖွဲ့ဝင်များက စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးထံ တိုင်ကြားထားသည်ဟု သိရသည်။

.

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲ ၄၀၆၀ ရဲမှူး မိုးကျော်ဟန်နှင့် ၎င်း၏ ဇနီး ဒေါ်ဖြူဖြူဝင်းသည် သက်ဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းများနှင့် အဆင်ပြေမှု မရှိခြင်း၊ အောက်ခြေ တပ်ဖွဲ့ဝင်များအပေါ်  မလျော်ဩဇာ အသုံးပြုခြင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကျင်းပ ပြုလုပ်ခဲ့သော တရုတ်နှစ်သစ်ကူးပွဲတော် လောင်းကစားဝိုင်း၌ ပြန်ပေးဆွဲခံရသူ တန့်ယန်းမြို့နေ ဦးညံကူထံမှ လာဘ်ငွေ သိန်း ၅၀ ယူဆောင်ပြီး ဦးညံကူအား ပြန်ပေးဆွဲခဲ့သူ ၄ ဦးအား ဒူးထောက် ထိုင်ခိုင်ပြီး အနိုင်ကျင့်ခြင်း၊ နှစ်သစ်ကူးပွဲ၊ စေတီကုန်းဘုရားပွဲနှင့် သင်္ကြန်ပွဲတွင် ကျင်းပပြုလုပ်သော လောင်းကစား ဝိုင်းများ၏ ကန်ထရွက်များထံမှ “ဝ” တိုင်းဥက္ကဌ ၏ PA ရွှေစင်ထွေး အတွက်ဟု ခေါင်းစဉ်ပြ၍ ၁၀ သိန်းစီတောင်းခံပြီး ၅ သိန်းသာ ပေးခြင်း၊ မိုးကျော်ဟန်၏ မိန်းမမှ မိသားစုများအပေါ်  မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံခြင်း အပါအဝင် လူမှု‌ရေး အရှုပ်အရှင်းများ ရှိကြောင်း တိုင်းကြားစာတွင် ဖော်ပြပါရှိသည်။

.

ထို့အပြင် အောက်ခြေတပ်ဖွဲဝင်များ ဖြစ်သော မြိုနယ်ရဲမှူး စခန်းမှူး တိုနှင့် အဆင်မပြေခြင်း၊ ညအချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲပြီး လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့်ခြင်းတို့ကြောင့် အရေးယူပေးရန်ဟု ဖော်ပြပါရှိသည်ကို တွေ့ရသည်။

Journal Download

Photo of three cats