တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ချိန် များလာသည့်အတွက် အားသွင်းမီးသီးနှင့် လောင်စာတောင့် အသုံးပြုမှု များလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ချိန် များလာသည့်အတွက် အားသွင်းမီးသီးနှင့် လောင်စာတောင့် အသုံးပြုမှု များလာ

မြို့တော် တောင်ကြီးတွင် လျှပ်စစ်မီး ပြတ်တောက်ချိန် များလာသည့်အတွက် အားသွင်း မီးသီးနှင့် လောင်စာတောင့် မီးသွေး အသုံးပြုမှု ပိုမို များပြားလာပြီး ရောင်းအားလည်း မြင့်တက်လာလျက်ရှိကြောင်း သိရသည်။

.

ညပိုင်း လျှပ်စစ်မီး ပြတ်တောက်ချိန်များတွင် အလင်းရောင် ရရှိရန်အတွက် အားသွင်း အသုံးပြုရသည့် ဘက်ထရီ အားသွင်းမီးသီး ဝယ်ယူ အသုံးပြုမှု များပြားလာခြင်း ဖြစ်ပြီး ဈေးနှုန်းအနေဖြင့်လည်း ယခင်ကထက် မြင့်တက်သွားကြောင်း သိရသည်။


“အခုရက်ပိုင်းက အားသွင်းမီးသီးနဲ့ ဆိုလာဓါတ်မီးတွေ ပို ရောင်းရတယ်။ မီးပျက်ချိန် များလာတော့ အရက်ထက် ပို ရောင်းရတယ် ပြောရမှာပေါ့။ ဈေးနှုန်းကတော့ ပစ္စည်း အမျိုးအစားအပေါ် မူတည်ပြီး တစ်ထောင်၊ နှစ်ထောင်လောက် တက်သွားတာတွေရှိတယ်” ဟု ဟု တောင်ကြီးမြို့နေ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

.

အဆိုပါ အားသွင်းမီးသီးနှင့် ဆိုလာ ဓါတ်မီးများသည် ပစ္စည်းအမျိုးအစား အပေါ် မူတည်ပြီး ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဝန်းကျင်ရှိကာ လောင်စာတောင့် မီးသွေးမှာ အတောင့် ၄၀ ပါ တစ်အိတ်လျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။


“ အရင်ကတော့ မီးပျက်တဲ့အချိန် မီးစက်နဲ့ သုံးတာပေါ့။ အခုက ဓါတ်ဆီဈေး တက်နေတော့ မီးစက်လည်း မသုံးနိုင်တော့ဘူး။ အားသွင်းမီးလုံး ဝယ်ပြီး လိုအပ်တဲ့ နေရာပဲ သုံးတော့တယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

.

မြို့တော်တောင်ကြီး အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီက လျှပ်စစ်မီးကို အချိန်ပိုင်းသာ ပေးသည့်အတွက် ပြည်သူများက လှောင်ပြောင် ဝေဖန်မှုများ ရှိနေသည်။

Journal Download

Photo of three cats