ဓနုဒေသ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဓနုဒေသ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖမ်းဆီးခံရ


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD ပါတီဝင် ဒေါ်မမလေး သည် သားဖြစ်သူနှင့်အတူ ယမန်နေ့ မေလ ၁၄ ရက်၊ ညပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

.

ပင်းတယမြို့ရှိ ၎င်း၏ နေအိမ်တွင် သားဖြစ်သူ ကိုနေမျိုးထက် နှင့်အတူ ဖမ်းဆီးခံရခြင်း ဖြစ်ကာ စစ်ကောင်စီက အင်အား ၄၀ ဦးခန့်ဖြင့် စစ်ဆေးမေးမြန်းစရာ ရှိ၍ ခဏလိုက်ခဲ့ရန် ပြောဆို၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီက ဒေါ်မမလေး နှင့် ကိုနေမျိုးထက် တို့ကို ဖမ်းဆီးရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

.

ဒေါ်မမလေးသည် ပြီးခဲ့သည့် ၂၀၁၅ နှင့်၂၀၂၀ ရွေးကောက်ပွဲများတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့အား သတ်မှတ်ထားသော အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈) ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ၂ ကြိမ်ဆက် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

Journal Download

Photo of three cats