စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး တိရစ္ဆာန် အချို့ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး တိရစ္ဆာန် အချို့ သေဆုံး

ကျောက်ကြီးမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများသို့ စစ်ကောင်စီ ခမရ(၃၅၁)၊ ခမရ(၄၃၉) နှင့် ခလရ(၆၀)တို့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရပြီး တိရစ္ဆာန် အချို့ သေဆုံးခဲ့ကြောင်း KNU က ယနေ့ မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ နွားရွဲပင်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် စောပိုးတိုး နှင့် အသက် ၃၆ နှစ်အရွယ် စောဖားပလူး တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကာ ဆိတ် ၂ ကောင်နှင့် နွား ၁ ကောင် ထိခိုက် သေဆုံးခဲ့သည်ဟု KNU က ဆိုသည်။
.
စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်းသို့ ယခုအချိန်ထိ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats