စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာ၌ ယနေ့မေလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ရာနှင့်ချီသော ပြည်သူ့နေအိမ်များ အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ကြရသည်ဟု ပြည်သူ့တပ်မတော် (မြောင်) က ထုတ်ပြန်သည်။
.
မင်းတန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည် သာဒွန်း အနောက်ရွာကို ဝင်ရောက်ပြီးနောက် ယင်းမှတဆင့် အညွန့်ရွာသို့ သွားနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
ယမန်နေ့ မေလ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်များသည် မြောင်မြို့နယ်၊ နဂါးပေါက်ရွာရှိ ပြည်သူ့နေအိမ် ၂ လုံးနှင့် နေပူကုန်းရွာရှိ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု သိရသည်။