အာဏာသိမ်း စစ်ကောင်စီ ဖိတ်ကြားထားသည့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အတွင်းရှိ “ဝ”၊ မိုင်းလားနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ခုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ဆွေးနွေးပွဲ တက်မည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများတွင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သော RCSS/SSA၊ NMSP၊ KNU/KNLA-PC ၊ DKBA ၊ ALP ၊ PNLO ၊ LDU တို့အပြင် NCA လက်မှတ်ရေးထိုး ထားခြင်း မရှိသေးသည့် SSPP/SSA၊ UWSA နှင့် NDAA-မိုင်းလားအဖွဲ့ တို့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တို့ မပါဝင်သလို စစ်ရေးအရ တင်းမာမှု ရှိသည်ဟု ယူဆထားသည့် ရခိုင်နှင့် ရှမ်းမြောက်ကလည်း မပါဝင်ခြင်းကြောင့် လတ်တလောတွင် စစ်ရှိန်လျော့ရန်နှင့် အပစ်ရပ်ရန် မျှော်လင့်၍ မရနိုင်ကြောင်း လေ့လာသူ တစ်ဦးက သုံးသပ်ထားသည်။