ကွန်ဟိန်းမြို့နယ်၊ တာကော်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မေလ ၇ ရက်၊ ညပိုင်းက ငွေကျပ် သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းအဖွဲ့သည် မေလ ၇ ရက်နေ့ ည ၉ နာရီအချိန်က ကွန်ဟိန်းမြို့နယ်၊ တာကော်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းနော်ရှဲန် မောင်းနှင်လာသည့် MITSUBISHI COLT မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကတ်တမင်း ၆၁ ကီလိုအား သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ ကက်တမင်းများအား သယ်ဆောင်လာသူ စိုင်းနော်ရှဲန်ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။