ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို အခြေခံ၍ ဖွဲ့စည်း တည်ထောင်ထားသည့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၁၀ ရက်တွင် တောတွင်းတစ်နေရာ၌ အကျဉ်းရုံး ပြုလုပ်ခဲ့ကြောင်း TPDF က ထုတ်ပြန်သည်။
.
စတင် တည်ထောင်ချိန်မှ ယနေ့အထိ သက်ဆိုင်ရာမြို့နယ်ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံစစ်သင်တန်း အပါတ်စဉ်(၄) အထိ အောင်မြင် စွာပို့ချနိုင်ခဲ့သည့်အပြင် စစ်ကောင်စီလက်ပါးစေ၊ ထောက်တိုင်များနှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့သည်ဟု TPDF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ EAOs များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း TPDF က ဆိုသည်။
.
TPDF ရပ်တည်နိုင်ရန် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော ပြည်သူလူထုများ၊ EAOs များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။