အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြော


အာဆီယံမှ အတည်ပြု သတ်မှတ်ပေးထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့်အတွက် အာဆီယံ၏ ထိပ်တန်းအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ မေလ ၁၁ ရက်တွင် ထုတ်ပြန်သည်။

.

ထို့အတူ မကြာမီ ကျင်းပမည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အဆိုပါ လမ်းစဉ်ကို ကျင့်သုံးမည် ဖြစ်ပြီး စစ်အာဏာရှင်အဖွဲ့သည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် နှိပ်ကွပ်မှုများကို ဆက်လက်တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် အဆိုပါမူကို ဆက်လက် ကျင့်သုံးခြင်း ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အလားတူ မြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန် ဆောင်ရွက်ရာတွင် အာဆီယံနှင့် မိမိတို့၏ မိတ်ဖက်လက်တွဲမှုသည် အရေးပါကြောင်း၊ ယခုသီတင်းပတ် နှောင်းပိုင်းတွင် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ဆွေးနွေးကြမည့် ခေါင်းစဉ်များထဲတွင် ယခုအကြောင်းအရာသည်လည်း တစ်ခု ဖြစ်လိမ့်မည်ဟု မိမိ အသေအချာ မျှော်လင့်ပါကြောင်း၊ မြန်မာပြည်သူများအပေါ် ထားရှိသည့် မိမိတို၏ သံန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး အကူအညီပေးရန် မြန်မာနိုင်ငံ၏ အကြပ်အတည်းအတွက် တရားမျှတပြီး ထိရောက်သည့် ဖြေရှင်းမှုကို ရှာဖွေရာတွင် ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Ned Price က ပြောဆိုခဲ့သည်။

.

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၂ ရက်တွင် ဝါရှင်တန်ဒီစီ၌ ကျင်းပသွားရန် ရှိနေပြီး အစည်းအဝေးတွင် အမေရိကန်-အာဆီယံကြား ပိုပြီးနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုအတွက် သန့်စင်သောစွမ်းအင်၊ ကျန်းမာရေးနှင့် ဒီဂျစ်တယ် စီးပွားရေး စသည့်ကိစ္စရပ်များအပြင် မြန်မာနိုင်ငံ အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားရန် ရှိနေကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ့ (USIP) ၏ အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ Brian Harding က ပြောဆိုထားသည်။

.

အစည်းအဝေး မစတင်မီတွင်ပင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာစစ်အာဏာသိမ်းမှု အပါအဝင် အာဆီယံဒေသတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ယိုယွင်းကျဆင်းမှုများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထံသို့ ပေးစာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။

Journal Download

Photo of three cats