စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ် တစ်ခုတွင် မြို့၊ ရွာ သန့်ရှင်းသာယာလှပရေးအတွက်ဟု ဆိုကာ ကြက်ခြေနီ အပါအဝင် ဝန်ထမ်းများ သန့်ရှင်းရေး ပြုလုပ်ပြခဲ့ကြရသည်ဟု သိရသည်
.
" ဝန်ကြီးချုပ်ခရီးစဉ်မှာ for show လုပ်ပြဝာာ။ အမြဲတမ်းတော့ မလုပ်ရပါဘူး။ ဟန်ပြလုပ်တယ်ဆိုတာ သူတို့လည်း သိပါတယ်။ မကြာ မကြာတော့ လုပ်ရမယ့် သဘောတော့ ရှိတယ်။" ဟု အမည် မဖော်လိုသူ ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က ဒေါက်တာ ကျော်ထွန်း ၏ လွိုင်လင်မြို့ ခရီးစဉ်တွင် ကြက်ခြေနီ၊ မီးသတ် အပါအဝင် ဝန်ထမ်းများကို ဝတ်စုံပြည့် ဝတ်ဆင်စေလျက် မြို့၊ ရွာ သန့်ရှင်း သာယာလှပရေးအတွက် သန့်ရှင်းရေး ဆောင်ရွက်စေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ အာဘော် လူမှုကွန်ရက် စာမျက်နှာ တစ်ခုတွင်လည်း လွိုင်လင်မြကန်သာ ပန်းခြံ၊ နည်းပညာတက္ကသိုလ် (ပင်လုံ) ကျောင်းတို့၌ ဌာနဆိုင်ရာများ ဆရာမများ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဒေသခံ ပြည်သူများမှအမှိုက်သရိုက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေများဖြင့် ပန်းခြံကွန်ကရစ်များကို ဆေးကြော သန့်ရှင်း ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်း၊ ရလခ ဒုတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရူ၍ အားပေးစကား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။