ရက္ခိုင့်တပ်တော် (AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကို ငြိမ်းချမ်းရေး ဂရုစိုက်မှာ မဟုတ်ဘဲ တိုင်းစစ်ဌာနချုပ်အထိ တိုက်ခိုက်မည်ဟု Twitter က တစ်ဆင့် သတိပေးပြောဆိုခဲ့သည်။
.
“ ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့ နေရာထိ တက်ကြိတ်ပလိုက်မှာနော်” ဟု ယနေ့ မေလ ၆ ရက်၊ နံနက်တွင် Twitter တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။
.
ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ပြည်နယ်အတွင်း စစ်အင်အား တိုးချဲ့ခြင်းနှင့် နယ်မြေချဲ့ထွင်မှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။