တောင်ကြီးမြိုနယ်၌ စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒေသဖွံဖြိုးရေး အကြောင်းပြု၍ စည်းရုံးရေး ဆင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြိုနယ်၌ စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒေသဖွံဖြိုးရေး အကြောင်းပြု၍ စည်းရုံးရေး ဆင်း

တောင်ကြီးမြိုနယ် အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဒေသဖွံဖြိုးရေး အကြောင်းပြု၍ စည်းရုံးရေးဆင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

ကွင်းဆင်း ဆောင်ရွက်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ကျေးလက်၊ စိုက်ပျိုးရေး စသည့် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်ခဲ့ကြပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဒေသခံများကို စုစည်း၍ စည်းရုံး ဟောပြောမှုများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.



" သူတိုအလုပ် သူတို့ လုပ်တာ မှန်ပေမယ့် ဌာနဆိုင်ရာတွေပဲ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေလည်း ပါတယ်။ ကြံ့ခိုင်ရေးက လူတွေ၊ သူတို့ ပါတီအနေနဲ့တော့ မဟုတ်ဘူး၊ မြိုနယ်ကောင်စီ အနေနဲ့ ပါတာ။ ဘာတွေ ပြောကြလည်း ဆိုရင်တော့ ထုံးစံအတိုင်း သူများ မကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပဲပေါ့။ " ဟု အမည် မဖော်လိုသူ --- တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နယ်အတွင်းရှိ နောင်ကားကျေးရွာအုပ်စု၊ ထီဖောင်းကျေးရွာအုပ်စု၊ နမ့်ဆီး ကျေးရွာအုပ်စု၊ နောင်လေကျေးရွာအုပ်စုများသို့ ယင်းဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းတွင် သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကြောင်းပြကာ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats