ရွာငံမြို့နယ်တွင် ဧပြီလ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုများ ရှိကြောင်း YPDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ဧပြီလ ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုများ ရှိကြောင်း YPDF ထုတ်ပြန်


ရွာငံမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ ဧပြီလ ၁၅ ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုများ ရှိကြောင်း YPDF က ယနေ့တွင် ထုတ်ပြန်သည်။

.

ပန်းလောင် မြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်နှင့် တဲ့လု/တောင်ဦးရွာ အကြား၌ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စစ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး PDF ဘက်မှ တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု YPDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် ကျည်ဆန် မလုံလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats