စစ်ကောင်စီ ကျင်းပသော သင်္ကြန်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် YPDF မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ ကျင်းပသော သင်္ကြန်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် YPDF မေတ္တာရပ်ခံ


အာဏာသိမ်း စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲတွင် ပါဝင် ဆင်နွှဲခြင်း မပြုရန် မေတ္တာရပ်ခံကြောင်း ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယနေ့ ဧပြီလ ၁၁ ရက်တွင် ထုတ်ပြန်သည်။

.

ပြည်သူများ အနေဖြင့် " ပေတရာပေါ်မှာ စီးတဲ့သွေး သင်္ကြန်ရေနဲ့ မဆေးကြော " ဟူသော ကြွေးကြော်သံနှင့် အညီ စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲတွင် ပါဝင် ဆင်နွှဲခြင်း မပြုဘဲ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် အတူ ဆက်လက် ပူးပေါင်း တွန်းလှန်တိုက်ခိုက်ရန် တောင်းဆို မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

.

ရွာငံမြို့နယ် အတွင်းရှိ YPDF နှင့်အတူ မဟာမိတ်ညီနောင် တပ်ဖွဲ့တို့သည် စစ်ရေးပြင်ဆင်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats