စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း တစ်နှစ်ကျော် ကာလအတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူ ၅ သိန်းခွဲကျော် ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ယမန်နေ့ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ တဝန်း၌ ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်ထိ ကိန်းဂဏန်းများအရ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ဦးရေ ၉၁၂၇၀၀ ရှိသည့်အနက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ် စွန့်ခွာရသူ ဦးရေ ၅၆၆၁၀၀ ပါဝင်သည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးရသူများတွင် စစ်ကိုင်းတိုင်းက ၂၃၀၀၀၀ ကျော်ဖြင့် အများဆုံး ဖြစ်နေပြီး ကရင်နီ (ကယား) ပြည်နယ်က ၉၀၀၀၀ ကျော်ဖြင့် ဒုတိယ အများဆုံး၊ ကရင်ပြည်နယ်က ၇၄၀၀၀ ကျော်ဖြင့် တတိယအများဆုံး ဖြစ်ကြောင်း သိရသည်။