ပင်းတယမြို့ ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့သူများမှာ UGR အဖွဲ့မှ ဖြစ်သည်ဟု UTF-ABN ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့ ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့သူများမှာ UGR အဖွဲ့မှ ဖြစ်သည်ဟု UTF-ABN ထုတ်ပြန်


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ဧပြီလ ၄ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့သူများမှာ UGR အဖွဲ့မှ ဖြစ်သည်ဟု အောင်ပန်း မြို့ပြပြောက်ကျားတပ်စု (UTF-ABN) က အတည်ပြု ထုတ်ပြန်သည်။

.

ကိုယ်ကျိုးစွန့်ကာ နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် ရဲဘော်များ၏ ခံယူချက်နှင့် ရဲစွမ်းသတ္တိရှိမှု အပေါ် အစဉ်အမြဲလေးစား ဂုဏ်ယူ နေမည် ဖြစ်ကာ ၎င်းတို့ကိုယ်စား တော်လှန်ရေး ခရီးကို ဆုံးခန်းတိုင်သည်ထိ လျှောက်လှမ်းသွားမည် ဖြစ်ကြောင်းနှင့် ရဲဘော်များအတွက် ‌သွေးကြွေးကိုလည်း ပြန်လည် ရယူပေးမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

.

အဆိုပါ ပစ်ခတ်မှုအတွင်း UGR အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats