​​TNLA ဖမ်းထားသည့် တရားသူကြီးများ အပါအဝင် ၇ ဦးကို လုံခြုံသည့် နေရာတွင် ကောင်းမွန်စွာ ထိန်းသိမ်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​TNLA ဖမ်းထားသည့် တရားသူကြီးများ အပါအဝင် ၇ ဦးကို လုံခြုံသည့် နေရာတွင် ကောင်းမွန်စွာ ထိန်းသိမ်းထား


TNLA က ယမန်နေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဖမ်းစီးထားသည့် တရားသူကြီး ၃ ဦးအပါအဝင် ၇ ဦးကို လုံခြုံသည့် နေရာတွင် ထိန်းသိမ်းထားသည်ဟု TNLA တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

.

"သူတို့ကို လုံခြုံတဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။ သူတို့ကို မေးမြန်းပြီးရင်တော့ ဘာ ဆက်လုပ်မလဲဆိုတာ စဥ်းစားရမယ်လေ" ဟု TNLA တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေသို့ ပြောသည်။

.

ဖမ်းစီး ထိန်းသိမ်းခံရသူ ၇ ဦးမှာ ဦးမောင်မောင်အေး (ကျောက်မဲခရိုင်တရားသူကြီး) နှင့်ဇနီး ဖြစ်သူ ဒေါ်ခင်ဌေးရီ၊ ဦးကောင်းဘုန်းနိုင် (နမ့်ဆန်တရားသူကြီး)၊ ဦးဇော်ဇော်ထက် (မန်တုံတရားသူကြီး)၊ ဦးမျိုးထက်ဇော်(နမ့်ဆန်ဥပဒေအရာရှိ)၊ ဦးမြင့်ဇော် (နမ့်ဆန်မြို့နယ် ဦးစီးရုံးစာရေး)၊ ဦးဝင်းမြင့်အောင် (ရှေ့နေအငှားလိုက်) ၊ မဝင်းစံပယ်ဦး (ရှေ့နေအငှားလိုက်) နဲ့ မောင်ဝေပိုင်ဖြိုး (ကျောက်မဲ ခရိုင်ရုံး အငယ်တန်းစာရေး)တို့ ဖြစ်ကြောင်း သိရသည်။

.

၎င်းတို့ ၇ ဦးသည် နမ့်ဆန်မြို့ပေါ်သို့ လာရောက်စဥ် နမ့်ဆန်မြို့ မရောက်ခင် တောင်မကျေးရွာလမ်းခွဲ၌ TNLA ၏ မူးယစ်ဆေးဝါး စစ်ဆေး‌ရေးအဖွဲ့နှင့် တွေ့ဆုံပြီး ဖမ်းစီးခံရခြင်း ဖြစ်သည်။

.

လက်ရှိတွင် အဆိုပါ တရားသူကြီးများ ပြန်လွတ်လာရန် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အပါအဝင် နီးစပ်သူများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ဖမ်းစီးခံထားရသည့် ရှေ့နေနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

Journal Download

Photo of three cats