လားရှိုး၊ မန်တုံနှင့် နမ့်ဆန်မြို့မှ တရားသူကြီး ၃ ဦးအပါအဝင် ၇ ဦးကို TNLA ဖမ်းဆီးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုး၊ မန်တုံနှင့် နမ့်ဆန်မြို့မှ တရားသူကြီး ၃ ဦးအပါအဝင် ၇ ဦးကို TNLA ဖမ်းဆီးထား


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် လားရှိုး၊ မန်တုံနှင့် နမ့်ဆန်က တရားသူကြီး ၃ ဦး အပါအဝင် ၇ ဦးကို တအာင်းတပ်မတော် (TNLA)က ယနေ့ ဧပြီလ ၁၉ ရက်ထ နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းဌာန ရွှေဖီမြေက ဖော်ပြထားသည်။

.

နမ့်ဆန်မြို့၊ တောင်မလမ်းခွဲအနီးတွင် TNLA ကမူးယစ်ဆေးဝါးများ စစ်ဆေးနေစဥ် မော်တော်ယာဉ်များ စီးနင်းလာသည့် တရားသူကြီး ၃ ဦးနှင့် ၎င်းတို့နှင့် လိုက်ပါလာသူ ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

.

"ကား ၂ စီး၊ ၃ စီးလား မသိဘူး၊ မနက် ၁၀နာရီခွဲလောက်က တစ်ဖွဲ့လုံး အဖမ်းခံလိုက်ရတယ်။ ဘာမှဆက်သွယ်လို့ မရသေးဘူး ပြောတယ်။ လားရှိုးတရားသူကြီးကတော့ နာမည်ကြီးပဲ။ ဆန္ဒပြတဲ့လူငယ်တွေကို အမိန့် ချမှတ်ထားတဲ့သူ"ဟု ၎င်းကပြောသည်။

.

ယင်းတောင်မ လမ်းခွဲအနီးတွင် TNLA က မကြာခဏ မူးယစ်ဆေးဝါး စစ်ဆေးခြင်းမျိုးများ ပြုလုပ်လေ့ရှိပြီး ယခု ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းပြီးမှ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် TNLA ပါဝင်သည့် မဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့ ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့သော်လည်း သင်္ကြန်မတိုင်မီမှ ယနေ့အထိ စစ်ရေးငြိမ်သက်နေချိန်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Journal Download

Photo of three cats