SNLD ပါတီ ဥက္ကဋ္ဌဟောင်း ခွန်ထွန်းဦး ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

SNLD ပါတီ ဥက္ကဋ္ဌဟောင်း ခွန်ထွန်းဦး ကွယ်လွန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ခွန်ထွန်းဦးသည် ယနေ့ ဧပြီလ ၃၀ ရက်၊ နေ့လယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

.

ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ အိပ်နေစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။


" တာဝန်ကျေပြီမို့ နှုတ်မဆက်ဘဲ ထွက်သွားလိုက်ပြီပေါ့ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦး" ဟု ခွန်ထွန်းဦး ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က

လူမှုကွန်ရက်တွင် အတည်ပြု ရေးသားထားသည်။

.

ခွန်ထွန်းဦး သည် အသက် ၇၈ နှစ်အရွယ် ရှိပြီ ဖြစ်ကာ SNLD ပါတီ ဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန် ထမ်းဆောင်ခဲ့သည့် အပြင် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့၏ နာယက အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။

.

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ ဝါရင့် နိုင်ငံရေးခေါင်းဆောင် ခွန်ထွန်းဦးသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ယခင် စစ်အစိုးရလက်ထက်တွင် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

Journal Download

Photo of three cats