ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) က ကရင်နီ စစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက် ကူညီ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) က ကရင်နီ စစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက် ကူညီ လှူဒါန်း


ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) သည် ကရင်နီပြည် စစ်ဘေးရှောင်စခန်း တစ်ခုသို့ သွားရောက်၍ စစ်ဘေးရှောင် ပြည်သူများနှင့် ကလေးငယ်များကို အားပေးစကား ပြောကြားပြီး ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။


ယင်းကဲ့သို့ သွားရောက် ကူညီ လှူဒါန်းခဲ့သည့် အခြေအနေကို Pa-O National Defense Force စာမျက်နှာတွင် ယမန်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ရှေ့ လုပ်ငန်းစဉ်များအား ဆက်လက် လုပ်ဆောင်နိုင်ရန် အထောက်အပံ့များနှင့် လိုအပ်ချက် များစွာ ရှိနေသေးသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်‌ ထောက်ပံ့နိုင်ရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

.

စစ်ဘေးရှောင်ပြည်သူများအတွက် ဖြစ်စေ၊ တော်လှန်ရေး ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဆောက်ရွက်နိုင်ရန်အတွက် ဖြစ်စေ ပါဝင် လှူဒါန်းလိုသူများအနေဖြင့် Pa-O National Defense Force Page Chat box သို့ ဆက်သွယ် ဆောင်ရွက်နိုင်သည်ဟုလည်း ဖော်ပြထားသည်။



ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်တွင် စတင် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats