လားရှိုး-မူဆယ် လိုင်းကားပေါ်၌ စစ်တပ် ထုတ်ကုန် ဘီယာများ တင်ဆောင်လာသူကို PDF က ဖမ်းဆီး၍ သတိပေးပြီးနောက် ပြန်လွှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုး-မူဆယ် လိုင်းကားပေါ်၌ စစ်တပ် ထုတ်ကုန် ဘီယာများ တင်ဆောင်လာသူကို PDF က ဖမ်းဆီး၍ သတိပေးပြီးနောက် ပြန်လွှတ်


ရှမ်းပြည်နယ် ‌မြောက်ပိုင်း၊ လားရှိုး-မူဆယ်လိုင်းကားပေါ်၌ စစ်ကောင်စီတပ် ထုတ်ကုန် မြန်မာ ဘီယာများ တင်ဆောင်လာသူကို ဧပြီလ ၂၅ ရက်၊ ညနေပိုင်းတွင် PDF က ဖမ်းဆီး သတိပေးပြီး‌နောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

.

လားရှိုး-မူဆယ် လိုင်းကားပေါ်တွင် စစ်ကောင်စီတပ် ထုတ်ကုန် မြန်မာဘီယာ သံဗူးဖာ ၅၀ နှင့် မြန်မာဘီယာ ပုလင်း ၂၀ ဖာ ၊ စုစုပေါင်း ၇၀ ဖာကို ဖမ်းဆီးရမိ၍ ဖျက်ဆီးခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်အား နောက်နောင်တွင် စစ်ကောင်စီ စီပွားရေး ထုတ်ကုန်များ တင်ဆောင်ခြင်း မပြုရန် သတိပေးပြီး ပြန်လွှတ်ခဲ့သည်ဟု People security And Defense Army Muse က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

.

ရန်ကုန်-မူဆယ်၊ မန္တလေး-မူဆယ်၊ လာရှိုး-မူဆယ်‌‌ ပြေးဆွဲလျက်ရှိ‌သော လိုင်းကားသမားများ အ‌နေဖြင့် စစ်‌ကောင်စီ ထုတ်ကုန်များ မတင်ဆောင်ကြရန်နှင့် တင်‌ဆောင်မှုအား တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats