မူဆယ်သို့ ပို့သည့် လဝက စာရွက်စာတမ်းများနှင့် ငွေများကို PDF က ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်သို့ ပို့သည့် လဝက စာရွက်စာတမ်းများနှင့် ငွေများကို PDF က ဖမ်းဆီး

ကွတ်ခိုင်မှ မူဆယ်သို့ ပြေးဆွဲနေသော လိုင်းကားဖြင့် မူဆယ်သို့ ပေးပို့သည့် လဝက စာရွက်စာတမ်းများနှင့် ငွေများကို ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (မူဆယ်)က ယမန်နေ့ ဧပြီလ ၂၉ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။


" စစ်ကောင်စီ၏ လက်အောက်တွင် CDM မပြုလုပ်ဘဲ တာဝန် ထမ်းဆောင်နေကြသည့် လဝက ရုံးမှ မူဆယ်သို့ ပို့ပေးသော ပုဒ်မ-၆/၇ သွေးနှော ကန့်သတ်လူမျိုးများ၏ နိုင်ငံသား လျှောက်ထားသည့် စာရွက်စာတမ်း ဖိုင်တွဲပေါင်း ၇၆ ဖိုင်၊ နိုင်ငံသားကတ် ၇၆ ကတ်၊ ငွေ ၁၀၆၂၀၀၀၀ ကျပ်ကို ဖမ်းဆီးရမိခဲ့သည်။" ဟု People Security And defense Army - Muse က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရုံးများအနက် လဝကရုံးသည် ပြည်သူအပေါ်  မတရားငွေကြေး တောင်းခံခဲ့သည်မှာ နှစ်ပေါင်းများစွာ ပြည်သူများ ကြုံတွေခဲ့ရသည့်အပြင် နယ်စပ်ဒေသဖြစ်သော မူဆယ်-နမ့်ခမ်းမြို့များတွင် မြန်မာနိုင်ငံသား မဟုတ်သော တရားမဝင် တရုတ်နိုင်ငံသားများကို ငွေကြေးတောင်းခံ၍ နိုင်ငံသား စစ်ဆေးရေးကတ်များကို ၎င်းတို့ စိတ်တိုင်းကျ ထုတ်ပေးလျှက် ရှိပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများအား ငွေကြေး မပေးလျင် နိုင်ငံသား စစ်ဆေးရေးကတ် ပြုလုပ်ပေးခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် လက်ရှိ ဖမ်းဆီးရမိသော ဖိုင်တွဲများနှင့်ငွေကြေးများသည် လဝက ရုံး ဝန်ထမ်များ စိတ်ကြိုက် ငွေကြေး တောင်းခံပြီး ဆောင်ရွက်နေသည့် အတွက်ကြောင့် ဖိုင်တွဲနှင့် ကတ်ပြားများအား မီးရှို့ ဖျက်စီးကာ ယာဉ်မောင်းနှင့် ကားအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

.

ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသည့်အပြင် CDM ပြုလုပ်ခြင်း မရှိသော စစ်ကောင်စီ လက်အောက်ခံ ရုံးများနှင့် ဝန်ထမ်းများကို  ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (မူဆယ်)က အသိပေးထားသည်။

Journal Download

Photo of three cats