ရှမ်းပြည်နယ် တောင်ပိုင်းရှိ လဲချားမြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂) တို့ ဖွင့်လှစ်သည့် စစ်သင်တန်းများ ပြီးမြောက်သဖြင့် ယမန်နေ့ ဧပြီလ ၂၅ ရက်က သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားမြို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့က အပတ်စဥ် (၂) သင်တန်းဆင်းပွဲ ကို လည်းကောင်း၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂) က ကွန်မန်ဒို မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၂) ကို လည်းကောင်း သီးခြားစီ ဖွင့်လှစ် ပို့ချပြီးနောက် သင်တန်းဆင်းပွဲများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။