ကျင်းရွာနယ်မြေရဲစခန်းအား သိမ်းယူခဲ့သည့် ရုပ်သံမှတ်တမ်းကို ထီးလင်း PDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျင်းရွာနယ်မြေရဲစခန်းအား သိမ်းယူခဲ့သည့် ရုပ်သံမှတ်တမ်းကို ထီးလင်း PDF ထုတ်ပြန်


ထီးလင်းမြို့နယ်၊ ကျင်း​ကျေးရွာနယ်မြေရဲစခန်းအား တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

.

ကျင်း​ကျေးရွာနယ်မြေရဲစခန်းကို ဧပြီလ ၁၇ ရက်တွင် ထီးလင်း PDF က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါစခန်းသိမ်း တိုက်ပွဲတွင် လက်နက်ချရန် ငြင်းဆိုသည့် နယ်မြေရဲစခန်းမှူး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ လက်နက် ၁၉ လက် အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats