ဂန့်ဂေါဘက်မှ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ကို တောင်ပိုင်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးမှု ရှိနိုင်သော်လည်း စာရင်းမသိရသေးကြောင်းနှင့် ၎င်းတို့ဘက်မှ အထိအခိုက် အကျအဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု PDF ဂန့်ဂေါ (တောင်ပိုင်း)က ထုတ်ပြန်ထားသည်။
.
အဆိုပါ စစ်ကောင်းစီတပ်သည် ပနန်းရွာ အရှေ့ဖက် ဘုရားကုန်းသို့ ရောက်ရှိနေပြီး ပြည်သူများ အနေဖြင့် ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းနှင့် ဆည်ပေါ်ဖက်လမ်းပိုင်းတို့ကို လုံးဝ သွားလာခြင်း မပြုကြပါရန် သတိပေးထားသည်ကိုလည်း တွေ့ရသည်။