အင်အား များလာသော တပ်ဖွဲ့ဝင်များကို ထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရန် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) ကို ဧပြီလ ၁၇ ရက်မှစတင်၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
.
Pekhon PDF သည် များပြားလှသော တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များကို ထိထိရောက်ရောက် စီမံအုပ်ချုပ် တိုက်ပွဲဝင်သွားရန်နှင့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အားကို မြင့်တင်သွားရန်ရည်ရွယ်၍ Pekhon PDF တပ်ရင်း(၂) ကို တိုးချဲ့ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတပ်ရင်းက ထုတ်ပြန်ထားသည်။
.
အဆိုပါ တပ်ရင်း(၂)တွင် မူလတပ်ရင်းမှ တိုက်ခိုက်စွမ်းရည်နှင့် အတွေ့အကြုံ ရင့်ကျက်သော ရဲဘော်များ ပါဝင်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ပြည်သူကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်းကိုလည်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။