အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဧပြီလ ၁ ရက်၊ နေ့လယ်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
.
ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲ ဖြစ်ပွားချိန်မှာ ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက် မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီက အယောင်ဆောင် အသုံးပြုလျက် ရှိသည့် လူနာတင်ယာဉ် လက်နက်ကြီးထိမှန် ပျက်စီးမီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ကယ် ၃ စီး သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။