အာဏာသိမ်း စစ်ကောင်စီ၏ NSPNC နှင့် SSPP/SSA တို့ နေပြည်တော်တွင် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဏာသိမ်း စစ်ကောင်စီ၏ NSPNC နှင့် SSPP/SSA တို့ နေပြည်တော်တွင် တွေ့ဆုံ


အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့ မတ်လ ၃၁ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း လုပ်ငန်းစဉ် အသေးစိတ်ကိုမူ ဖော်ပြမထားပေ။


အဆိုပါ ဆွေးနွေးပွဲသို့ စစ်ကောင်စီ အဖွဲ့ဝင်၊ NSPNC ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည် ဦးဆောင်သော အဖွဲ့နှင့် SSPP/SSA ဒုဥက္ကဌ(၂) စဝ်ခွန်ဆိုင် ဦးဆောင်သော အဖွဲ့တို့ တက်ရောက်ခဲ့သည်။

Journal Download

Photo of three cats