ရွှေဖီမြေသတင်းဌာန အမျိုးသမီးသတင်းထောက်ဟောင်းကို ထောင်ဒဏ် ချမှတ်သည့်အပေါ် MASS ၏ သဘောထား ထုတ်ပြန်ချက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေဖီမြေသတင်းဌာန အမျိုးသမီးသတင်းထောက်ဟောင်းကို ထောင်ဒဏ် ချမှတ်သည့်အပေါ် MASS ၏ သဘောထား ထုတ်ပြန်ချက်


အာဏာသိမ်း စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီးရုပ်သံထောက်ဟောင်း လွေးအမ်ဖောင်ကို ၆ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထား ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့်  ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ 

.

လွေးအမ်ဖောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းတွင် လားရှိုးမြို့ရှိ နေအိမ်၌ စစ်ကောင်စီလက်အောက်ခံ အဖွဲ့၏ ဝင်ရောက်ဖမ်းဆီးမှုကိုခံရပြီး လားရှိုးအကျဉ်းထောင်ရှိ ထောင်တွင်းတရားရုံး၌ ယခုကဲ့သို့ မတရား ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

.

ယခုအခါ ရှမ်းပြည်နယ်တွင် ထောင်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီးသတင်းသမား ၄ ဦး ရှိပြီ ဖြစ်ပြီး ၎င်းတို့မှာ ကမ္ဘောဇတိုင်းသတင်းဌာနမှ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင် နှင့်  နန်းဝင်းရီ၊ သံလွင်သွေးချင်းသတင်းဌာနမှ မြဝန်းရံ (ခ) ဒေါ်လှယဉ်ဝင်း၊ ရွှေဖီမြေသတင်းအေဂျင်စီ မှ  လွေးအမ်ဖောင်တို့ ဖြစ်သည်။ 

.

ထို့အတူ ရှမ်းပြည်အခြေစိုက် အလွတ်တန်းသတင်းထောက်နှင့် သတင်းထောက်ဟောင်း အနည်း ဆုံး ၅ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချထားပြီး တာချီလိတ်သတင်းအေဂျင်စီကို လိုင်စင် ရုပ်သိမ်းခြင်း၊ ရှမ်းပြည်အခြေစိုက် သတင်းဌာနများ၏ တည်ထောင်သူများ၊ အယ်ဒီတာ များနှင့် သတင်းထောက်များကို ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်း၊ လိုက်လံဖမ်းဆီးခြင်း တို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

.

ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ (MASS) အဖွဲ့ဝင် သတင်းဌာနများအနေဖြင့် စစ်ကောင်စီအလိုကျ ရေးသားခြင်းမပြုဘဲ သတင်းကျင့်ဝတ်နှင့်အညီ လွတ်လပ်သည့် သတင်း ဌာနများအဖြစ် ရပ်တည်ရေးသား ဖော်ပြမှုကြောင့် စစ်ကောင်စီ၏ အငြိုးအတေးထား ဖိနှိပ်ဖမ်း ဆီးမှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။ 

.

တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် အသက်သွင်းရာတွင် လွတ်လပ်သည့် သတင်းမီဒီယာ များသည် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး ပြည်သူလူထု၏ နား၊ မျက်စိလည်း ဖြစ်သည့် အတွက် ယခုကဲ့သို့ သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းသည် ပြည်သူလူထု၏ နား၊ မျက်စိ ကို ပိတ်ရန် ကြိုးစားသည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်အဖြစ် MASS အဖွဲ့က မှတ်ယူသည်။ 

.

ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ 

Media Alliance of Shan State - MASS 

.

နောက်ခံအကြောင်းအရာ 

ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ - Media Alliance of Shan State - MASS သည် ရှမ်းပြည်နယ် အခြေစိုက် သတင်းကျင့်ဝတ်နှင့်အညီရပ်တည်သည့် လွတ်လပ်သည့် သတင်း မီဒီယာ (၇) ခုဖြင့် အာဏာသိမ်းမှုကာလအတွင်း စစ်အာဏာရှင်၏ ဖိနှိပ်မှုများကို လက်တွဲရင်ဆိုင် ကြရန်နှင့် အများပြည်သူ၏ သတင်းသိပိုင်ခွင့် မြှင့်တင်ရန်၊ ပြည်သူ့အသံနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို မြှင့်တင်ပေးရန်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းထားသည့် သတင်းဌာနများမ

Journal Download

Photo of three cats