KNU တပ်မဟာ(၅) နယ်မြေ၌ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၇၄ ကြိမ် ဖြစ်ပွားခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU တပ်မဟာ(၅) နယ်မြေ၌ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၇၄ ကြိမ် ဖြစ်ပွားခဲ့


ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်၌ ဧပြီလ ၁ ရက်မှ ၁၅ ရက်အထိ စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် (KNLA)တို့ တိုက်ပွဲ ၁၇၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU က ယနေ့ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၁ ဦး သေဆုံး၍ ၄၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် KNLA ဘက်မှ ၁ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

.

ထို့အပြင် စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် အချက်ရေ ၄၃၀ ခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ရကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်ရက်ဆက် ပိုမို လုပ်ဆောင်လာနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats