KNU ကော်သူးလေနယ်မြေ၌ မတ်လအတွင်း တိုက်ပွဲ‌ပေါင်း ၅၀၀ ကျော် ဖြစ်ပွား‌ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU ကော်သူးလေနယ်မြေ၌ မတ်လအတွင်း တိုက်ပွဲ‌ပေါင်း ၅၀၀ ကျော် ဖြစ်ပွား‌ခဲ့


KNU ကော်သူးလေနယ်မြေ၌ ပြီးခဲ့သည့် မတ်လ တစ်လတာ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် အာဏာသိမ်း စစ်ကောင်စီ၏ တပ် ၊ နယ်ခြားစောင့်တပ်(BGF) တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း ၅၁၀ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU က ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့်  BGF တို့ဘက်မှ ၄၂၉ ဦး သေဆုံးကာ ၂၆၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး KNLA နှင့် KNDO တို့ဘက်မှာ ၂၂ ဦး ကျဆုံး၍ ၃၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

.

ထို့အပြင် KNLA နှင့် KNDO တို့က အာဏာသိမ်းစစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၃၅ စီး ကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

.

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ နှင့် BGF တပ်များသည် ပြည်သူများ နေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင်များ အတွင်းသို့ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှု‌ကြောင့် အပြစ်မဲ့ ပြည်သူ ၂၅ ဦး သေဆုံး၍ ၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အပြင် ပြည်သူပိုင် အိုးအိမ်များ ထိခိုက်ပျက်ဆီး ဆုံးရှုံးရကာ ပြည်သူ တစ်သိန်းကျော်သည်လည်း နေရပ် စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats