ခြိမ်းခြောက် ငွေတောင်းနေသော တောင်မဲသင်းစစ်ကောင်စီဂိတ်ကို KNDF ဝင်တိုက်ရာ ဂိတ်စောင့် ၅ ဦးသေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခြိမ်းခြောက် ငွေတောင်းနေသော တောင်မဲသင်းစစ်ကောင်စီဂိတ်ကို KNDF ဝင်တိုက်ရာ ဂိတ်စောင့် ၅ ဦးသေ


ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ တောင်မဲသင်းဂိတ်ကို အလစ်ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဂိတ်စောင့် ၅ ဦး သေဆုံးခဲ့ကြောင်း KNDF/B-03 က ယနေ့ ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

.

ထို့အတူ တိုက်ခိုက်မှုအတွင်း လက်နက် အတို/အရှည် ၄ လက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရရှိခဲ့ပြီး အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

တောင်မဲသင်းဂိတ်သည် ဖြတ်သန်း သွားလာနေသော ပြည်သူများကို စစ်ဆေးခြင်း၊ ငွေညှစ်ခြင်း၊ ထိုင်/ထလုပ်ခိုင်းခြင်းနှင့် CDM များကို တွေ့ရှိပါက ကြုံသလို ဖမ်းဆီးလျက်ရှိ‌သော ဂိတ် ဖြစ်သည်ဟု သိရသည်။

Journal Download

Photo of three cats