ပန်ခမ်းမြို့တွင် COVID-19 ကူးစက်မှု မြင့်တက်နေ၍ စေတနာ့ဝန်ထမ်းများ ခေါ်ယူနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပန်ခမ်းမြို့တွင် COVID-19 ကူးစက်မှု မြင့်တက်နေ၍ စေတနာ့ဝန်ထမ်းများ ခေါ်ယူနေ


UWSA ထိန်းချုပ်မှု နယ်မြေ ဖြစ်သည့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ခမ်းမြို့တွင် COVID-19 ကူးစက်မှု မြင့်တက်နေသည့်အတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူလိုကြောင်း "ဝ"ပြည်နယ် ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

.

ပန်ခမ်းမြို့၌ COVID-19 ရောဂါ ကူးစက်မှု အခြေအနေ ပြင်းထန်လျက်ရှိပြီး အသွင်ပြောင်း COVID-19 ရောဂါသည် အလွန် ပြင်းထန်ကာ ပန်ခမ်းမြို့၏ လုပ်ငန်းအသီးသီး၊ နေရာတိုင်း၊ ကျေးရွာများပါ ကူးစက်ခံနေရကာ မတ်လ ၂၆ ရက်မှ ယနေ့အထိ ကူးစက်ခံရသူ ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်‌ကြောင်း သိရသည်။

.

လက်ရှိတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ လုံလောက်မှု မရှိသောကြောင့် လူနာများကို ကုသရန် အခက်အခဲ ကြုံတွေ့နေရကာ ကြာရှည် ကာကွယ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် ဆေးဝန်ထမ်းများလည်း အလွန်ပင်ပန်း နွမ်းနယ်နေကြပြီး ပန်ခမ်းမြို့ရှိ ပြည်သူများ၏ ကျန်းမာလုံခြုံရေးနှင့် အသက်ကို ကာကွယ်ရန်အတွက်၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ လူတိုင်းတွင် တာဝန်ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

.

ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းတွင် ပါဝင် ကူညီလိုသည့် စေတနာ့ဝန်ထမ်းများကို ခေါ်ယူရခြင်း ဖြစ်ပြီး ပါဝင် ကူညီလိုသူများ အနေဖြင့်ဖုန်း-13987948534၊ 18608790818 သို့ စာရင်းပေးသွင်းနိုင်သည်ဟု အသိပေးထားသည်။

Journal Download

Photo of three cats