ချင်းပြည်နယ်၊ မင်းတပ်မှ မတူပီမြို့သို့ ထွက်ခွာလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ၊ CDF - Mindat က မိုင်းပဒေသာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည်။
.
ပြီးခဲ့သည့် မတ်လ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က ယင်းကဲ့သို့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံး၍ အများအပြား ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။