စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် တိုက်ပွဲ ၂၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂၄၀ ဦးကျော် သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် တိုက်ပွဲ ၂၂၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူ ၂၄၀ ဦးကျော် သေဆုံးခဲ့ရ


စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်နယ်အတွင်း၌ တိုက်ပွဲပေါင်း ၂၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား ပြည်သူ စုစုပေါင်း ၂၄၇ ‌ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

.

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ကောက်ယူထားသော စာရင်းများကို ယနေ့ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


တိုက်ပွဲများအတွင်း KNDF၊ PDF နှင့် KA ဘက်မှ ၁၀၁ ဦး ကျဆုံး၍ စစ်ကောင်စီဘက်မှ ၉၃၃ ဦး သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

.

ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ၁၀၈ ကြိမ်၊ ပျက်ဆီးသွားသည့် ဘာသာရေးအဆောက်အအုံ ၁၄ လုံးနှင့် နေအိမ် ၈၈၉ လုံး ရှိကာ၊ မတရား ဖမ်းဆီးခံရသူ ၂၂၁ ဦး ရှိသည်ဟုလည်း ဖော်ပြပါရှိသည်။

Journal Download

Photo of three cats