ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာ ဘက်သို့ ယနေ့ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အချို့ ပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။
.
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း(၁၅)က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကရင်နီပြည် အတွင်း၌ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွား နေပြီး စစ်ကောင်စီတပ်များသည် ပြည်သူ့အသက်၊ အိုးအိမ်ကို မငဲ့ကွက်ဘဲ စစ်ရာဇဝတ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေလျက် ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။