မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွား၊ လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ့နေအိမ် အချို့ ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွား၊ လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ့နေအိမ် အချို့ ပျက်စီး


ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ တစ်နေရာ၌ ယနေ့ ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့နေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်၍ ပျက်စီးခဲ့ရသည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ​ပစ်ခတ်မှုကြောင့် ပြည်သူ့အိုးအိမ် တချို့ လက်နက်ကြီးကျည် ထိမှန်၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူ ရှိ/မရှိကိုမူ စုံစမ်းနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပြည်သူများ ‌အနေဖြင့် အသွားအလာ ဆင်ခြင်၍ လုံခြုံသည့် နေရာများတွင် နေထိုင်ပေးရန် နှင့် တိုက်ပွဲဖြစ်ပွားသည့် နေရာ အနီးတဝိုက်သို့ သွားလာခြင်း မပြုရန် ထုတ်ပြန်ချက်တွက် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။

Journal Download

Photo of three cats