စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်သူလူထုနေအိမ် ၇၉၀၀ ကျော် မီးရှို့ ဖျက်ဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်သူလူထုနေအိမ် ၇၉၀၀ ကျော် မီးရှို့ ဖျက်ဆီးခံရ


စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သား ပြည်သူလူထု နေအိမ် ၇၉၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်အတွင်း နေရာပေါင်း ၂၂၂ နေရာ၌ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၇၉၇၃ လုံး ပျက်စီးခဲ့ရသည်ဟု Data for Myanmar က ယမန်နေ့ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည်။


အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်များအနက် ၄၉၅၃ လုံးသည် စစ်ကိုင်းတိုင်း အတွင်းမှ ဖြစ်ကာ မကွေးတိုင်းအတွင်းမှ ပြည်သူလူထု နေအိမ် ၁၂၈၇ လုံး၊ ချင်းပြည်နယ်မှ ၁၁၃၀ လုံး၊ ကရင်နီ (ကယား) ပြည်နယ်မှ ၄၀၅ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၉၃ လုံး၊ မန္တလေးတိုင်းမှ ၃၈ လုံး၊ တနင်္သာရီတိုင်းမှ ၃၀ လုံး၊ ပဲခူးတိုင်းမှ ၂၄ လုံး၊ ကရင်ပြည်နယ်မှ ၇ လုံးနှင့် ကချင်ပြည်နယ်မှ ၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

.

သတင်းမီဒီယာများ၌ ဖော်ပြသည့် တိုက်ပွဲသတင်းများ နေအိမ် မီးရှို့ခံရမှုများကို ပြန်လည်စိစစ် ရေတွက်ထားခြင်း ဖြစ်ပြီး ဒေသခံ လူအခွင့်အရေးအဖွဲ့များနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကို အခြေခံထားကြောင်းနှင့် မပြည့်စုံသည့် အချက်အလက်များ ချန်ထားခဲ့ရ၍ အရေအတွက်မှာ မြေပြင်၌ ပို များနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



Journal Download

Photo of three cats