ကလောမြို့နယ်တွင် မော်တော်ယာဉ် ချောက်တွင်း ထိုးကျ တိမ်းမှောက်၍ ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ်တွင် မော်တော်ယာဉ် ချောက်တွင်း ထိုးကျ တိမ်းမှောက်၍ ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရ


ကလောမြို့နယ်၊ ဝက်ဖြူရေရွာအကျော်၊ ကလော-မိတ္ထီလာသွားလမ်း၊ (၁၄)မိုင် ငှက်ပျောတော၌ ယမန်နေ့ ဧပြီလ ၈ ရက်က မော်တော်ယာဉ် တစ်စီး လမ်းဘေး ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ၂ ဦး သေဆုံး၍ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

လွိုင်ကော်မြို့နေ ဦးမြင့်တင် မောင်းနှင်သော မော်တော်ယာဉ်မှာ လမ်းချော်၍ ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဖယ်ခုံမြို့နယ်နေ ဒေါ်တင်လှ နှင့် လွိုင်ကော်မြို့နယ်နေ ဒေါ်ဝင်းဝင်းအေး (ခ) ဒေါ်မူတူး တို့ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။


ထို့အတူ ဒဏ်ရာ ရရှိသူ ၁၁ ဦးအနက် ၃ ဦးမှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ပြီး ကျန် ၈ ဦးမှာ အသေးစား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို နာရေးကူညီမှုအသင်း(အောင်ပန်း)နှင့် တာဝန်သိ ပြည်သူများက ကလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။



Journal Download

Photo of three cats