ကရင်နီ (ကယား) ပြည်နယ်၊ ငွေတောင်ရွာသစ်ရှိ ပြည်သူ နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းခိုးယူကာ မီးရှို့ဖျက်ဆီး၊ ခရီးသွား ပြည်သူအချို့ အဖမ်းခံရသည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁၅)၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီတပ်သည် ယမန်နေ့ ဧပြီလ ၅ ရက်တွင် ငွေတောင်ရွာသစ်ရှိ အများပြည်သူ နေအိမ်များကို ဖောက်ထွင်းခိုးယူကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် ဆိုင်ကယ်ဖြင့် ခရီးသွားလာနေသော ဒေသခံ ပြည်သူအချို့ကို အကြောင်းမဲ့ ဖမ်းဆီးသွား၍ အသတ် ခံရခြင်း ရှိ/မရှိကို စုံစမ်းနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်များ မဖြစ်ပွားမီ ဧပြီလ ၃ ရက်နှင့် ၄ ရက်တွင် ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာ အနီး၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။