စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ကရင်နီ ပူးပေါင်းတပ် ပြန်လည်သိမ်းယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ကရင်နီ ပူးပေါင်းတပ် ပြန်လည်သိမ်းယူ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားသော နေရာများကို ကရင်နီ ပူးပေါင်းတပ်က  ဧပြီလ ၁၄ ရက်တွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

.

ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များ၏ နေရာများကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်ဟု KNDF က ယနေ့ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ထို့အတူ နောင်ပုလဲကျေးရွာနှင့် အိုခူးရီကျေးရွာကို ဧပြီလ ၁၉ ရက်တွင် နယ်မြေ ရှင်းလင်းရေး ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်မှ အသုံးပြုသော နင်းမိုင်း ၁၁ လုံး၊ 60 mm ၄ လုံး၊ လေယာဉ်ပစ် ဗုံးခွံနှင့် အခြားသော ဆပ်စပ်ပစ္စည်းများကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats