​တောင်ကြီးမြို့၊ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်းသည့် ကားဖြင့် တိုက်၍ အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​တောင်ကြီးမြို့၊ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်းသည့် ကားဖြင့် တိုက်၍ အမျိုးသားတစ်ဦး သေဆုံး


တောင်ကြီးမြို့၊ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်းနှင်လာသော မော်တော်ယာဉ်ဖြင့် လင်မယား ၂ ဦးအား တိုက်မိပြီး အမျိုးသား (ယောက်ျား) ဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် မောင်းနှင်သော မော်တော်ယာဉ်သည် ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့ ညပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ မီးပွိုင့်အနီးတွင် လင်မယား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်အား နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

.

" သစ်တောရပ်ကွက်အုပ်ကြီးက ၁၄ ရက် ညပိုင်းမှာ လင်မယား ၂ ယောက်ကို ကားနဲ့ တိုက်ပြီး ထွက်ပြေး သွားတယ်။ တိုက်ခံရတဲ့ ယောက်ျားက ပွဲချင်းပြီး ဆုံးတယ်။ အမှတ် (၁) ရဲစခန်းမှာ ချုပ်ထားပြီး အာမခံနဲ့ ပြန်လွှတ်လိုက်တယ်။ ရပ်ကွက်သားအချင်းချင်း ကူညီရမယ်ဆိုပြီး ယာဉ်တိုက်မှုအကြောင်း သိတဲ့သူတွေကို လိုက်ပိတ်နေတယ်။ အခု သူ့အိမ်မှာ ပြန်ရောက်နေပြီ။ လူသေမှု ဖြစ်ထားတဲ့သူက အုပ်ကြီး ဆက်လုပ်လို့ရပါသလား" ဟု ၎င်းက ပြောသည်။

.

ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသားနှင့် ၎င်း၏ အမျိုးသမီးမှာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် အတွင်း နေထိုင်သူများ ဖြစ်ကြပြီး လက်ရှိတွင် ငွေကျပ် သိန်း ၁၅၀ ဖြင့် အမှု ပိတ်သိမ်းပေးရန် ညှိနှိုင်းမှုများ ရှိနေကြောင်း သိရသည်။

Journal Download

Photo of three cats