ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းမှ တပ်သား ၄ ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်ရင်း (၂၅၂)မှ တပ်သား ၄ ဦးသည် ဧပြီလ ၄ ရက်က ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်ပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
.
“အထဲမှာက နေရတာက ကြမ်းတယ်။ ဖိနှိပ်ခံရတယ်။ အပြစ် မရှိလည်း အပြစ် ရှာပြီး ပါးတွေရိုက်တာပဲ။ ကျွန်တော်တို့မှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ လစာက ပုံမှန် ၁၆၀၀၀၀ ပေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ တစ်လတစ်လေမှ တစ်သိန်းကျော် ရတာ။ အဲဒါကြောင့် ကျွန်တော်တို့ တိုင်ပင်ပြီး ပြေးကြတာ”ဟု ထွက်ပြေး လွတ်မြောက်လာသည့် တစ်ဦးက ပြောသည်။
.
၎င်းတပ်သား ၄ ဦးမှာ လုပ်သက် တစ်နှစ် ရှိသူများ ဖြစ်ပြီး နည်းအမျိုးမျိုးဖြင့် စုဆောင်းခံရသူများ ဖြစ်ကြကြောင်း သိရသည်။
.
နမ့်ခေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သားများ မကြာခဏ ထွက်ပြေးလေ့ရှိပြီး လက်ရှိတွင် ထွက်ပြေးလာသည့် တပ်သား ၄ ဦးမှာ လုံခြုံသည့်နေရာကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သ်ိရသည်။