​​ဒေါ်လာမှ မြန်မာကျပ်ငွေ လဲလှယ်ရာတွင် စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်း ၇ ခုအား စစ်ကောင်စီ ကင်းလွတ်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​ဒေါ်လာမှ မြန်မာကျပ်ငွေ လဲလှယ်ရာတွင် စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်း ၇ ခုအား စစ်ကောင်စီ ကင်းလွတ်ခွင့်ပြု

ပြည်ပမှ ဝင်ရောက်လာသော အမေရိကန်ဒေါ်လာကို တစ်ရက်အတွင်း သတ်မှတ်နှုန်းထားဖြင့် လဲလှယ်ရန် ညွှန်ကြားထားချက်အား သံတမန်များ အအပါအဝင် စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်း ၇ ခုအား ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။


အဆိုပါ ကင်းလွတ်ခွင့်ရ စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် သံတမန် ထူထောင်ထားပြီး နိုင်ငံအတွင်း သံရုံး ဖွင့်လှစ်ထားရှိသော ပြည်ပနိုင်ငံမှ သံတမန်များ၊ မိသားစုဝင်များနှင့် သံရုံးတွင် တာဝန်ထမ်းဆောင်နေသော သံတမန်နှင့် တန်းတူ အဆင့်ရှိသည့် သံအဖွဲ့အမှုထမ်းစုတွင် ပါဝင်သည့် နိုင်ငံခြားသားဝန်ထမ်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ဝန်ထမ်းများ၊ ကုလသမဂ္ဂခရီးသွား လက်မှတ်ကိုင် မြန်မာနိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

.

ထို့အပြင် မြန်မာနိုင်ငံကို လာရောက်အကူအညီပေးနေသော ဖွံ့ဖြိုးရေးအေဂျင်စီမှ နိုင်ငံခြားသားဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (INGO) နှင့် ဖွံ့ဖြိုးရေးအေဂျင်စီများမှ သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်းများ၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ အစရှိသည်တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

.

ပြည်ပမှ ရရှိလာသော နိုင်ငံခြားဝင်ငွေများကို တစ်ရက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်နှုန်းဖြင့် လဲလှယ်ရမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့ခြင်းဖြစ်သည်။

Journal Download

Photo of three cats