တောင်ကြီးမြို့ အဝင်/ထွက် နေရာများတွင် လိုင်စင်မဲ့ယာဉ် ဖမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ အဝင်/ထွက် နေရာများတွင် လိုင်စင်မဲ့ယာဉ် ဖမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်


တောင်ကြီးမြို့ အဝင်/ထွက် နေရာများနှင့် စစ်ဆေးရေးဂိတ်များတွင် လိုင်စင်မဲ့ယာဉ်များအား စစ်ဆေးပြီး ဖမ်းဆီး ဒဏ်ရိုက်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေလျက် ရှိသည်။

.

" လိုင်စင်မဲ့ ကားတွေကို ဖမ်း၊ ပြီးရင် သင်္ကြန် ရန်ပုံငွေအတွက် ဆိုပြီး ပိုက်ဆံတောင်း ဒဏ်ရိုက်ပေါ့။ ၃ သိန်းကနေ ၅ သိန်းထိ ဒဏ်ရိုက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရတယ်။ " ဟု တောင်ကြီးမြို့ခံ အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။

.

လာမည့် ဧပြီလ ၉ ရက်မှ သင်္ကြန်အကြိုနေ့ ဖြစ်သည့် ၁၃ ရက်အထိ စစ်ဆေးရန် စီစဉ်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ယာဉ်ထိန်း အင်အားများ ဖြည့်တင်းနေသည်ဟုလည်း ၎င်းက ဆိုသည်။

.

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရုံးနှင့် နီးစပ်သူ တစ်ဦးအား မေးမြန်းရာတွင် မော်တော်ယာဉ်များ စစ်ဆေးမည်မှာ မှန်ကန်သော်လည်း စစ်ဆေးရသည့် ရည်ရွယ်ချက်ကို မသိကြောင်း ပြောသည်။

.

" နှစ်တိုင်း သင်္ကြန်နား နီးရင် အဲလို လုပ်လေ့ ရှိတတ်တယ်။ အရင်ကတော့ ယာဉ်ကြော မကြပ်အောင် ရည်ရွယ်ပြီး စစ်လိုက်တာပေါ့။ ခုကတော့ ဘယ်လို ရည်ရွယ်လည်း မသိဘူး။ ဒဏ်ရိုက်တာက မဖြစ်နိုင်ဘူးလို့ ပြောနိုင်သလို၊ ဖြစ်နိုင်တယ်လို့လည်း ပြောနိုင်တယ်။ ရှောင် မောင်းပေါ့။ မလည်ဝာာ အကောင်းဆုံးပဲ။" ဟု ဆိုသည်။

Journal Download

Photo of three cats