​နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိအမှုဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိအမှုဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာများ ရယူခဲ့သည်ဟုဆိုသည့် စွဲချက်ဖြင့် ယနေ့ ဧပြီလ၂၇ ရက်တွင် စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

.

နေပြည်တော်ရှိ အထူးတရားရုံး၌ အမိန့် ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းအမှုမှာ စစ်ကောင်စီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအရာရှိက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၅ အရ တရားလိုအနေဖြင့် တိုင်ကြားထားသည့်အမှု ဖြစ်သည်။

.

ဒေါ်အောင်ဆန်းစုကြည်သည် ဆူပူလှုံ့ဆော်မှု ပုဒ်မ-၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးစက်တွေ့ရှိမှု ပုဒ်မ-၆၇၊ ပုဒ်မ-၈ တို့ဖြင့် ထောင်ဒဏ် ၄ နှစ်၊ COVID-19 စည်းကမ်းဖောက်ဖျက်မှု သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည်။

.

အဆိုပါ ပြစ်ဒဏ်များမှ ထောင်ဒဏ် ၂ နှစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် စစ်ကောင်စီက လျှော့ပေါ့ထားသည့်အတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီးဖြစ်ကာ နိုင်ငံတော်လျှို့ဝှက်အက်အမှု၊ ရွေးကောက်ပွဲမလျော်ဩဇာ သုံးမှုတို့ဖြင့် စွဲဆိုထားသည့်အမှုများကို ဆက်လက် ရင်ဆိုင်နေရသည်။

Journal Download

Photo of three cats